Comment တခုကို code ရဲ့ရည်ရွယ်ချက်က ဘာလဲနဲ့ ဘာလို့ဒီလိုပုံစံ code ရေးထားရတာလဲဆိုတာရှင်းပြရင်အကောင်းဆုံးပါ။
ဒီနေရာမှာcode documentation လုပ်ဖို့သုံးတဲ့ jsdoc cli ကိုညွန်းပေးပါရစေ။ သူ့ထဲမှာပါတဲ့ annotations တွေကို code documentation လုပ်ဖို့အတွက် သုံးလို့ရပါတယ်။ ဒီနေရာမှာတော့ အဲ့ထဲက annotations အချို့ကိုပဲသုံးဖို့ညွန်းပရစေ။
- @constructor: ဒါကတော့ class သို့မဟုတ် new keyword ခေါ်လို့ရမယ့် function တခုရှေ့မှာသုံးပါတယ်။
- @description: ဒီfunctionက ဘာလဲဆိုတာ ဖေယ်ပြဖို့သုံးပါတယ်။ HTML tag တွေကိုသုံးချင်ရင်လည်း ရပါတယ်။
- @param: function တခုရဲ့ parameterရဲ့ နာမည်၊ type နဲ့ဘာလဲဆိုတာအကြမ်းဖော်ပြဖို့သုံးပါတယ်။
- @returns: return ပြန်မယ့် type နဲ့ description ရေးဖို့သုံးပါတယ်။
ပထမဥပမာ။ class constructor
/** * @description Represents a book
* @constructor
* @param {string} title - The title of the book
* @param {string} author - The author of the book
*/
function Book(title, author) { ... }
ဒုတိယဥပမာ။ function
/** * @description Adds two numbers
* @param {number} a
* @param {number} b
* @returns {number} Sum of a and b
*/
function sum(a, b) { return a + b; }